Swimmer’s Ear
ရေနဲ့ အမြဲတစေ ထိတွေ့နေရတဲ့ အလုပ်အကိုင်လုပ်ကြသူများမှာ နားဝမှာ ရေမကြာခဏ ပိတ်မိနေတတ်ပြီး နားအခေါင်းအတွင်းမှာ ဘက်တီးရီးယားများ ပေါက်ဖွားစေတဲ့အတွက် နားဝမှ နားအခေါင်းတစ်လျှောက် ပိုးတွယ် ယောင်ယမ်းတတ်ပါတယ်။
ဖြစ်ပေါ်တတ်သော အကြောင်းအရင်း
လက္ခဏာများ
- ပျော့သော လက္ခဏာများ -- နားအတွင်း နီမြန်းခြင်း၊ နားယားခြင်း၊ နားကိုဆွဲသည့်အခါ (သို့) နားသီးကို ဖိသည့်အခါ နာကျင်ခြင်း၊ နားထဲမှ အနံ့မရှိသော အရည်ကြည်များထွက်ခြင်း
- အတန်အသင့် လက္ခဏာများ -- နားပိုယားလာခြင်း၊ ပိုနာလာခြင်း၊ ပိုနီလာခြင်း၊ အရည်များပိုထွက်လာခြင်း၊ နားထဲမှာ ပြည့်ကြပ်ပိတ်ဆို့နေသလို ဖြစ်ခြင်း၊ နားလေးလာခြင်း
- ပြင်းထန်သော လက္ခဏာများ -- မျက်နှာ၊ လည်ပင်း၊ ခေါင်းဘေးဘက်တွေပါ နာကျင်လာခြင်း၊ နားအခေါင်း လုံးဝပိတ်ဆို့သွားခြင်း၊ နားအပြင်ဘက်ပါ နီမြန်းယောင်ယမ်းလာခြင်း၊ လည်ပင်းအကြိတ်များ ယောင်လာခြင်း၊ ဖျားခြင်း
ဆိုးကျိုးများ
- အကြားအာရုံ ယာယီချို့ယွင်းခြင်း
- နားရေရှည် ယောင်ယမ်းခြင်း
- နားအတွင်း တစ်ရှူးဆဲလ်များပါ ပိုးဝင်ခြင်း
- နားတစ်ဝိုက်ရှိ အရိုးနဲ့ အရိုးနုများ ပျက်စီးခြင်း စသည့်တို့ဖြစ်ပါတယ်။
- နားကို တတ်နိုင်သမျှ ခြောက်သွေ့အောင်ထားပါ၊ ရေထဲဆင်းရသည့်အခါ ရေကူးဦးထုပ်၊ နားကြပ်အဆို့၊ ရေကူးအတွက် သီးသန့်တီထွင်ထားသော နားအဆို့ (Custom Fitted Swim Molds) များ တပ်ဆင်အသုံးပြုပါ။
- ရေထဲမှတက်လာပြီးသည့်အခါ နားထဲကို ရေခြောက်အောင် သုတ်ပါ။ သန့်ရှင်းသော ပုဝါဖြင့် နားထဲကို သေချာသုတ်ပါ။
- နားတစ်ဖက်ဆီမှ ရေများ အောက်သို့ ထွက်လာအောင် ခေါင်းကို ရှေ့ပြန် နောက်ပြန် စောင်းပေးပါ။ နားသီးကိုလည်း ရေများထွက်လာဖို့ အထောက်အပံ့ဖြစ်အောင် ဆွဲဟပါ။
- နားထဲ၌ ရေကျန်နေသေးပါက Hair Dryer ကို လေအားအနိမ့်ဆုံး (Lowest Heat) ထား၍ လက်မအနည်းငယ်အကွာကနေ နားအခေါင်းဆီသို့ လေမှုတ်ကာ ရေခြောက်အောင် ပြုလုပ်ပါ။
- တတ်ကျွမ်းသော ဆရာဝန်နဲ့တိုင်ပင်ကာ Ear Drying Drops လိုအပ်လျှင် သုံးပါ။ (နားအတွင်း ပိုက်ထည့်ထားရတဲ့ အခြေအနေ၊ နားစည်ကွဲခြင်း၊ နားပိုးတွယ်ခြင်း၊ နားထဲမှ အရည်များ စိမ့်ထွက်ခြင်း စတဲ့နားကျန်းမာရေးပြသာနာရှိသူများ မသုံးရပါ)
- နားထဲသို့ မည်သည့်ထိုးတံနဲ့မှ မကလော်ပါနဲ့ (နားကြပ်ဂွမ်းလုံး၊ သော့ စသည့်)
- နားထဲပိုးတွယ်နေချိန် နားဖာချေးများကို မိမိဘာသာ မဖယ်ထုတ်ပါနဲ့။ နားအတွင်း ပိတ်နေသည်ဟု ယူဆလျှင် နား၊ နှာခေါင်း၊ ဆရာဝန်ထံသာ သွားရောက်ပြသပါ။